အခုဆိုရင် နအဖဟာ တိုင်းပြည်ကို စစ်အာဏာရှင် စနစ်အောက်ကို ရောက်ဖို့အတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ခုလို ကြိုးပမ်းနေချိန်မှာ ကျနော်တို့ မျိုးချစ်ပုဂ္ဂိုလ်တွေအနေနဲ့ ဒီအတိုင်း ရပ်ကြည့်နေဖို့ မသင့်တော်ပါဘူး။ ဘာလုပ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အားလုံးရဲ့ အကြံပေး ညွှန်ပြချက်ကိုလဲ ကျနော်တို့မှ ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ကျနော်တို့ ငပြောင်များအဖွဲ့မှ (အဲလေ) ညီအကိုများအဖွဲ့ အနေနဲ့ စဉ်းစားဆုံးဖြတ်ထားတာ တခုကို ရိုးသားစွာ တင်ပြပါရစေ။ ကျနော်တို့ အနေနဲ့ အစီအစဉ်တခု တင်ဆက်မှာ ဖြစ်ပြီး ဆန္ဒဖော်ထုတ်ပွဲလေး တခုကို ကျင်းပမှာ ဖြစ်ပါတယ်။ အစီအစဉ် အသေးစိပ်ကိုတော့ လုံခြုံရေးအရ သိုဝှက်ထားရမှာ ဖြစ်ပြီး အမြည်းမျှသာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။ ကြော်ငြာဟု မယူဆစေလိုပါ။ အလွယ်တကူ နားလည် သဘောပေါက်စေရန် လိုရင်းတိုရင်း ဖော်ပြပေးခြင်း မျှသာ ဖြစ်ပါတယ်။
T-Shirt ... backpack .. hat အစရှိသော အမှတ်တရပစ္စည်း ရောင်းချရင်း ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပပါမည်။ ၂၀၁၀ အမှီရောင်းမည် လူတိုင်းမှာ ထိုပစ္စည်းများ ရှိနေနိုင်စေရန် တတ်နိုင်သမျှကြိုးစားမှာ ဖြစ်ပါသည်။ ထိုပစ္စည်းများ အပေါ်၌ ကိုပုည designတွေ ပါမှာ ဖြစ်ပြီး ကိုကောင်းကင်ကိုရဲ့ ကဗျာ ပါမှာ ဖြစ်ပါတယ်။။ ကိုဒိုင်းရဲ့ motto လေးတွေ ထည့်သွင်းပေးဦးမှာ ဖြစ်ပြီး ကျနော်များရဲ့ ဂေါက်သိုင်းဆရာကြီး ရဲ့ ဖလော်တွေ ပါမှာ ဖြစ်ပါတယ်။ မည်သည့် ပစ္စည်း ၀ယ်သူကိုမဆို ကိုလျှာရှည့်ရဲ့ ပြဇာတ်စုစည်းမှု e-bookများကို CDများနှင့် အလကား ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ ကျနော်များရဲ့ တဦးတည်းသော မိန်းကလေး အဖွဲ့ဝင် ဖြစ်သော ဆရာမ ပုတုကွေးက မော်ဒယ်လျှောက်ပြမှာဖြစ်ပြီး လူမော်မှ "ရွှေပြည်တော် မျှော်တိုင်းဝေး" သီချင်းနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ ၀င်ကြေး $30 သာ ကျမှာ ဖြစ်ပြီး ပစ္စည်းတခုကို $15 သာ ကျသင့်မှာ ဖြစ်ပါတယ်။ တိုင်းပြည်ကြီးလွတ်မြောက်ဖို့ အရေးအတွက် ဒါနပြုရာလဲရောက် အလဟဿ လှူရာလဲ မရောက်အောင် ကျနော်တို့မှ စီစဉ်ထားခြင်း ဖြစ်ပါတယ်။
--------------------------------------------------------------------------------
ဗျာ ................
တော့ကီတို့ ဘာလုပ်မလဲ ဟုတ်လား။ အဖေပေးတဲ့ ကျောင်းစားရိတ်ကို ဖျောပြီး တိုင်းပြည်အတွက် အရင်းထုတ်မယ်ဗျာ .... အရင်းထုတ်မယ်။ အားလုံးကလဲ အားတက်သရော အားပေးကြပါတယ်။ အပိုင်းအလိုက် တာဝန်ယူကြမှာ ဖြစ်ပြီး ရသမျှ အကျိုးအမြတ်ကို ကျနော်မှ စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ ကျနော့် အရင်းဖြစ်တဲ့ ကျောင်းစားရိတ်ကို ပြန်ယူထားလိုက်ပြီး သကာလမှာတော့ ကျနော်မှ မြန်မာပြည်အတွက် တာဝန်ယူကာ ထောက်ပံ့မှာ ဖြစ်ပါတယ်။ ( ကာရာအိုကေဆိုင်များမှ အနော့်ညီမလေးများအတွက်။ ) ညီနောင်များကို တိုက်ခန်းငှားပေးမှာ ဖြစ်ပြီး လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ကိုင်နိုင်ဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်။ (တယောက်ခန်းမှာ အကုန်စုအိပ်ကြပေါ့။) စားရေးအတွက်ပါတာဝန်ယူမှာ ဖြစ်ပြီး ညီနောင်အသစ်များအတွက် စီမံထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ( ဆန်ကြမ်းနဲ့ ငါးပိရည်ဗျာ။ တတ်နိုင်တယ်။ မရှိတော့လဲ ရန်ပုံငွေ ထပ်ရှာတာပေါ့။ ) ၂၀၁၀အတွက် ထောက်ပံ့ရေးမှာလဲ တာဝန်ယူမှာပါ။ (မြန်မာပြည်ထဲက ကမ်ပိန်းပဲ မြန်မာငွေ ၂သိန်းလောက်နဲ့ နှစ်ပွဲလောက်ဖြစ်အောင် ကြည့်လုပ်တာပေါ့။) UN နဲ့ တကွ အခြား နေရာများကို ဆက်သွယ်ရာမှာ အသုံးပြုဖို့ အတွက်လဲ ကျနော်တို့ ရန်ပုံငွေ ထားရှိမှာ ဖြစ်ပါတယ်။ ( အီးမေးလ်က တံဆိပ်ခေါင်းကပ်ရတဲ့ ခေတ်ရောက်တော့မယ်။ ပြီးတော့ ကျုပ်တို့က DHL သုံးတာဗျ။ ) အရေးကြီး ဧည့်သည်တော်များ လာရောက်လျှင် အသုံးပြုဖို့အတွက်လဲ ရန်ပုံငွေထားရှိမှာ ဖြစ်ပါတယ်။ ( မိန်းမ ၊ ဆွေမျိုးလာရင် ကုန်ဦးမှာလေ။ ) အလုပ်ကိစ္စနဲ့ နိုင်ငံကြီးများကို သွားလာဖို့အတွက် ကုန်ကျစားရိတ်တွေကိုလဲ ဒီထဲက ပေးမှာ ဖြစ်ပါတယ်။ ( အဖွဲ့ဝင်တချို့က သူတို့သာ အသုံးမကျတာလေ။ သူတို့ မိန်းမတွေက နိုင်ငံကြီးတွေမှာ ဟန်ကျနေပြီ။ သူတို့သွားဖို့လာဖို့။ )
ဒီလောက်ဆို ကျနော်များရဲ့ အစီအစဉ်ကို နားလည်သဘောပေါက် ပေးနိုင်ဖို့ မျှော်လင့်ပြီး လူကြီးမင်းတို့ရဲ့ နိုင်ငံအတွက် ထက်သန်စွာ လှူဒန်းမဲ့ စေတနာကို စောင့်မျှော်နေပါတယ်။
ထာဝရ တိုင်းပြည်အပေါ် သစ္စာစောင့်သိသွားမဲ့
တော့ကီ
----------------------------------------------------------------------------------------------------------
PS: အနော်တို့ ညီအကိုတွေကို ခွေးတွေ ၀ိုင်းကိုက်နေဒယ်ကြားလို့ ပြန်လာတာ။ ဟိုဖက်ကဟာ ပိတ်လိုက်ပြီ။ စနေနံကောင်က ရွာမှာ အရိုးထုတ်တော့မယ်တဲ့။ အနော့်ကိုပဲ ခိုင်းဖို့လောက်သိတဲ့ သောက်ပိန်းကလဲ မိန်းမကံကို မကောင်းရှာပါဘူး။ (အော်ချက်ထုတ်တာ။)
ကျုပ်တို့ ဘယ်သူ့ကို ပြောချင်လဲဆိုတာ သိတဲ့လူတွေ မဟုတ်တာ လုပ်မယ် မကြံနဲ့။ ကြံချင်ရင်လဲ ကျုပ်တို့ကို အားနာ ... ရေးရတာ လက်ပြတ်တော့မယ်။ အမှတ်ကို မရှိဘူး။ ခွေးရူးလိုလိုက်ကိုက်မယ် မကြံနဲ့။ ကျုပ်တို့က ခွေးရိုက်တုတ်သိုင်းကျွမ်းတာ သိတယ်ဟုတ်။ ပျော်လို့ရေးနေတာ ဟတ်ဖူး။ တမင်ရေးရအောင်လဲ ခင်ဗျားတို့အခွက် မပြောနဲ့ အထီးလေးလား ၊ အမလေးလားတောင် သူများပြောလို့ သိရတာ။ လူတွေ လာလာပြောလွန်းလို့ အားနာပါးနာနဲ့ ရေးနေရတာ။ ခင်ဂျားတို့ အနော်တို့ကို သတ်ချင်နေတာ သိတယ်။ နောင် ခင်ဂျားတို့လဲ ပြည်သူတွေ ၀ိုင်းသတ်တာ မခံရအောင်နေကြ။ ဒါဆို ကျနော်တို့လဲ လက်ညောင်းသက်သာမယ်။ ခင်ဗျားတို့လဲ အေးချမ်းမယ်။ လူသောက်မြင်ကပ်အောင် မလုပ်ကြနဲ့။ ခင်ဗျားတို့ လုပ်နေတာ နိုင်ငံရေး။ ဒါလောက်မှ မသိရင်လဲ တခွန်းပဲပြောမယ်။ ရေမရှိတဲ့ ချောင်းမှာ နှာခေါင်းဖော်သေလိုက်။ တကယ်ကို မရေးချင်တော့ပါဘူးဗျာ။ အကုသိုလ်များ လွန်းလွန်းလို့ပါ။ အေးအေးနေကြစမ်းပါ။ စနေနံသုံးလုံး လဒက request လုပ်ထားတာ နောက်တခု ရေးပေးရဦးမယ်။ ပြီးလို့ ရေးစရာ မရှိရင် အနော်လဲ ဖွန်ကြောင်ရဦးမယ်။ အားနေတာ မဟုတ်ဘူးဗျ။ နားလည်ထား။
တော်သေးပြီ။
Saturday, June 20, 2009
၂၀၁၀ အမှီ လုပ်ကြမည်
Posted by
တော့ကီ
@
Saturday, June 20, 2009
0
comments
Labels: ဖဲ့စာ
Friday, May 15, 2009
အဖွဲ့ပေါင်းစုံစုပေါင်းကြေငြာချက်(၃/၂၀၀၉)
Posted by
ရန်ကင်း
@
Friday, May 15, 2009
0
comments
Labels: ကြေငြာချက်, နိုင်ငံရေး
Saturday, January 24, 2009
အကယ်ဒမစ်ဆန်ဆန်ချဉ်းကပ်တာတဲ့လားဗျာရေ့
စဉ်းစားမိသလောက်ဆိုရင်တော့ ဆောင်းပါးရှင်နေသန်မောင်(ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေးနဲ့ နိုင်ငံရေး သိပ်ပံ္ပ နောက်ဆုံးနှစ် ကျောင်းသား) ရဲ့ စည်းကမ်း ပြည့်ဝသော သတင်းများနဲ့ ဟစ်ဟော့ငိုငြီးသံများ ဆိုတဲ့ ဆောင်းပါးဟာ ဟစ် ဟော့ အဆိုတော်တွေနဲ့ တော်လှန်ရေး အင်အားစုတွေ အကြား၊ မီဒီယာများ အကြား စည်းလုံးမှု ပြိုကွဲအောင် ဒီမိုကရေစီ ဘမ်းပြပြီး ရန် တိုက်ပေးထားတာပါပဲ....။ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်က တိုင်တွေ ဘယ်လို ပတ်ပတ် သေချာတာက အဲဒီအတိုင်း အတိအကျပဲ ဆိုတာကို ယူဆမိပါတယ်...။ ရေးသားထားတဲ့ပုံစံက မြန်မာပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကို တော်လှန် ချင်သလိုလို ဘာလိုလိုနဲ့ ဒီမိုကရေစီကို ဘမ်းပြပြီး နိုင်ငံရေး အမြတ် ထုတ်ထားတာကို တွေ့ရှိရပါတယ်...။ အကယ်လို့ အဲဒီလိုမဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ ညစ်ညမ်းတဲ့ ဟစ်ဟော့ သီချင်းတွေကို လွတ်လပ်စွာ သီဆိုနိုင်ဖို့ အတွက် အခွင့်အရေးရချင်၊ ရှိချင်လို့ပါ ဆိုရင်တော့ မိမဆုံးမ၊ ဖမဆုံးမ၊ နှမချင်း မစာနာလို့ ဒီလိုအခွင့် အရေးမျိုး လိုချင်တာပါပဲ။
ကိုယ့်ဟာကိုယ် သီချင်းခွေထုတ်မယ်၊ နားထောင်ချင် နားထောင်၊ နားမထောင်ချင် နားမထောင်နဲ့ဆိုရင်လဲ ဘာလို့ တရားမ၀င် ဖြန့်ချိ ပါသလဲလို့ မေးမယ်ဆိုရင် အဲဒီနိုင်ငံရေး သိပ်ပံ္ပ နောက်ဆုံးနှစ် ကျောင်းသား ဆိုတဲ့ ဆောင်းပါးရှင် နေသန်မောင် ဘာများ ပြောချင်ပါသလဲ မသိပါဘူး.....။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုက ဒီလို မိုက်ရိုင်း ထွားကျိုင်းတဲ့ ယဉ်ကျေးမှု မဟုတ်ပါဘူး...။ ဒီမိုကရေစီ လိုချင် လို့တိုက်ပွဲကို ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံနဲ့ အသီးသီး တိုက်ပွဲ ၀င်နေကြတဲ့ သူတွေ၊ အင်အားစုတွေ အားလုံး နီးပါးကလဲ သူတို့ တိုက်နေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိဖို့ရဲ့ ရည်ရွယ်ချက်ကလဲ ဒီလို မိုက်ရိုင်း ကြမ်းတမ်း ဖို့အတွက် မဟုတ်ဖူး ဆိုတာကို ကျွန်တော် အာမခံ ရဲပါတယ်။ တကယ်လို့များ ဂျောက်ဂျက် ဆိုတဲ့ ဟစ်ဟော့ အဆိုတော် ညီလေးအနေနဲ့လဲ ဒီလိုမျိုး မွန်းကြပ် လှတဲ့ စစ်ဖိနပ် အောက်က အနေ အထားမှာ ဒီလို ညစ်ညမ်းမှုတွေနဲ့ ထွက်ပေါက် ပေးတာပါဆိုရင်လဲ သက်ဆိုင်ရာ လူကြီး မိဘတွေက ဆိုဆုံး မသင့်ပါတယ်...။ ဆုံးမမယ့်သူ မရှိတာလား...။ မိဘက ကွဲနေရင်လဲ ဦးလေး အဒေါ်တွေရှိမှာပါ...။ ဘာမှ တော်စပ်သူ မရှိလဲ ကိုယ့်ထက် ကြီးတဲ့ သူက ပြောလာရင် ပြောလာတဲ့ ရယ်ရွယ်ချက်ကို သေချာဆန်းစစ်ပြီး နှိပ်ကွပ် နေတာလား၊ ရေရှည်အတွက် အမျိုးသားရေး တစ်ခုကြောင့် ပြောနေတာလား ဆိုတာကို ပြောပုံ ပြောနည်းက ပညာသားမပါရင်တောင်မှ ငါ့ညီအနေနဲ့ သိသင့်တယ်....။
ဘယ်လိုမျိုး မွန်းကြပ်မှု တစ်ခုကိုမှ ဒီလိုရုန့်ရင်း ကြမ်းတမ်း မှုတွေနဲ့ ဖြေဖျောက်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်၊ ပျောက်ပျက် မသွားနိုင်ပါဘူး...ယဉ်ကျေးမှုရှိတဲ့ နိုင်ငံတကာက လူမျိုး အသီးသီးကလဲ လက်မခံပါဘူး...။ Akon ရဲ့ I wanna F#%& you ဆိုတဲ့ သီချင်း စာသား တွေပါတဲ့ ၀ဘ်ဆိုက်တွေမှာ ပေးထားတဲ့ ကွန်မန့်တွေကို သွားဖတ်ကြည့်ရင် သိသာပါတယ်..။ ကန့်ကွက်သူက အများစုပါ...။ ထောက်ခံ သူတွေတော့ ရှိကြတာ ဓမ္မတာပါပဲ။ ဒါကလဲ အနည်းစုပါပဲ...။ ခေတ်ရဲ့ ရေစီးကြောင်း အရသာ Eminem ကို လက်ခံ ကြိုက် နှစ်သက် ကြပေမယ့် သူလဲ သိတ် လွပ်လပ်ပါတယ် ဆိုတဲ့ နိုင်ငံကြီးမှာတောင်မှ လူတွေ လက်ခံ လာအောင် ဖြတ်ကျော်ခဲ့ရတာပါပဲ...။ ဒါပေမယ့် သူတပါး နိုင်ငံတွေရဲ့ ရေမြေအနေအထား၊ ရာသီဥတုနဲ့ နေထိုင် ကျင်လည်နေတဲ့ အခြေခံတွေကအစ ကျွန်တော်တို့ အာရှနိုင်ငံတွေနဲ့ ဘယ်လိုမှ မအပ်စပ် မတူညီပါဘူး...။ အထူးသဖြင့် မိခင် မြန်မာနိုင်ငံရဲ့ အနေအထားက ဒီလို ညစ်ညမ်းမှု မျိုးကို ဘယ်လိုနည်းနဲ့မှ လက် မခံနိုင်ပါဘူး...။ ကျွန်တော် ကိုယ်တိုင်လဲ Music ကို ရင်ခုန်သူ တစ်ယောက် ဖြစ်တဲ့အတွက် ဟစ်ဟော့ ဆိုလဲ သူငယ်ချင်း အချင်းချင်း တွေ့လို့ နောက်ရင်တောင်မှ ဟစ်ဟော့စတိုင်နဲ့ Yo.. Yo.. လုပ်နေတာပါပဲ။
အနုပညာရှင် တစ်ယောက်ရဲ့ လုပ်ရပ်က ဘယ်လိုမဆို ပြည်သူလူထု ပရိတ်သပ်အပေါ်မှာ လွှမ်းမိုးမှု ရှိမှာပါပဲ...။ ဒီအပေါ်မှာ အနု ပညာရှင်ရဲ့ လုပ်ရပ်တွေက ပရိတ်သပ် အတွက် အင်မတန် အရေးကြီးပါတယ်...။ မောင်နဲ့ နှမ၊ သားနဲ့အမိ ကြားလို့မှ မသင့်လျော်တာ မျိုး ကိုတော့ မိမကောင်း၊ ဖခင်၊ နှမချင်း မစာနာတဲ့ လူတွေပဲ လုပ်ကြ ကိုင်ကြ ထောက်ခံကြမှာပါပဲ။ ဘလော့တွေမှာလဲ အဲဒီဆောင်းပါးကို တင်ပြထားတာ တွေ့နေရပါတယ်...။ ဘလော့ဂါများ အနေနဲ့လဲ သေသေချာချာ စဉ်းစား ဆင်ခြင်သင့်ပါတယ်...။ ဆောင်းပါးရှင်ရဲ့ စာတွေ က စစ်တပ် အစိုးရကိုလဲ ဆော်၊ တော်လှန်ရေး အတိုက်အခံ သမားတွေကိုလဲဆော်၊ တစ်ဖက်က လူငယ်တွေကို မြှောက်ပေးသလိုနဲ့ စည်းရုံးထားပြီး ၂၀၁၀ မှာ အဖြေတစ်ခုကို တိတိကျကျ ထုတ်ပြလာမှာ သေချာပါတယ်....။ ဆိုလိုတာက နောက်ကွယ်မှာ ကြိုးကိုင် စီမံ နေသူ ရှိပါတယ် ဆိုတာကိုလဲ ကြားထား ရပါတယ်... ။ ပွဲလန့်တုန်း ဖျာခင်းချင်တဲ့ အင်မတန်မှ ကောက်ကျစ်တဲ့ သူတွေက အစီအစဉ် ရှိရှိ ကြိုးကိုင် လှုပ်ရှားပြီး အကောင်အထည် ဖော်နေကြတာပါပဲ။
နိဂုံးချုပ် အနေနဲ့ဆိုရင်တော့ တော်လှန်ရေး မီဒီယာသမားများ၊ ဘလော့ဂါများ၊ အဖွဲ့အစည်း အသီးသီးကို အခုလို အရေးကြီးတဲ့ ကာလ တစ်ခုမှာ ဒီလို ရန်တိုက် ပေးထားတာတွေကို သတိချပ် ကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်....။
ကျွန်တော့် အမ၏ ပြောစကား...
မတာ::::::: အင်း... ဒီနေသန်မောင်ဆိုတဲ့ ကောင်လေး အသက်က ဘယ်လောက်ရှိပြီလဲကိုရင်။
ကိုရင် ::::: အလွန်ဆုံးရှိ ကျွန်တော်နဲ့ ရွယ်တူလို့ မှန်းတာပါပဲတာတာ....။
မတာ::::::သူက အမှန်တော့ တိုင်းပြည်ကို မြင်တဲ့ အမြင်က မနိမ့်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ရဲ့ ဖြစ်နေတဲ့ကျပ်တည်းတဲ့ လွတ်လပ်ခွင့် မရှိတဲ့ ဘ၀တွေက လူငယ်တွေရဲ့ ထွက်ပေါက် အနေနဲ့ သီချင်းတွေ ကို ဘယ်လို ညစ်ပတ်စွာ ဆိုနေနေ ဒါမျိုး ညစ်ပတ်မှုတွေကို လွတ် လပ်ခွင့် ပေးလိုက်တာနဲ့ သူတို့ တွေရဲ့ စိတ် အချဉ်ပေါက်မှုတွေက ပျောက်သွားစရာ အကြောင်းမရှိဘူးကိုရင်။ မွန်းကြပ်တဲ့ ဘ၀ကို ညစ်ပတ်တဲ့ စိတ်အာရုံနဲ့ ကုစားဖို့ဆိုတာ လုံးဝ လုံးဝလက်ခံ ပေးလို့ မရနိုင်ပါဘူး။လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ အရည်အချင်းတွေ၊ လမ်းမှန်ကို လျှောက်နိုင်မယ့် အနာဂတ်ဘ၀တွေ ပျက်စီးသွားမှာပေါ့......။ အစိုးရ မကောင်းတာက တစ်ပိုင်း၊ စာရိတ္တနဲ့ အတွေးအခေါ် မမှားဖို့ကကိုယ့်ဘာသာကို ထိမ်းကျောင်း သွားရမယ့် ကိစ္စပါပဲ။ သီချင်း ဆိုတာက ခေတ်တိုင်းမှာ လူငယ်တွေကိုစံပြ ဖြစ်စေတဲ့အတွက် အနုပညာရှင် အဆိုတော်အနေနဲ့ အမှန်ပဲ ဂရုစိုက်ရမှာပါပဲ။ ခေတ်တိုင်း၊ ခေတ်တိုင်းမှာ ချွန်ပြီး ထွက်လာကြတဲ့ လူတွေ ရှိကြပါတယ်။ ဒါပေမယ့် လမ်းကြောင်း မှန်အောင်၊ အတွေးအခေါ်မှန်အောင် အများက တစ်နည်းအားဖြင့် အဲဒီလို လူတော်တွေက လမ်းကြောင်း ပြန်တည့် ပေးရမှာပေါ့ ကိုရင်။
မှတ်ချက် ။ ။ ဆောင်းပါးရှင် နေသန်မောင် အပါအ၀င် သူနဲ့ ပတ်သတ်တဲ့ အဖွဲ့ဝင်တွေကို ပြောချင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ခင်ဗျားတို့ အနေနဲ့ ဘယ်လိုပဲ ပညာသားပါပါ လုပ်လုပ်၊ အခြေခံက ရိုးရိုးလေးပါပဲ ဆိုတာပါပဲ။ အခု ဒီဆောင်းပါးက မိုက်ရိုင်းနေတယ်လို့ ခင်ဗျားတို့ ယူဆပါသလား ?
Posted by
ယဉ်သူ
@
Saturday, January 24, 2009
2
comments
Labels: ၁ဆ
Saturday, January 3, 2009
၆၁ ကြိမ်မြောက်မမှန်ကန်သေးသောလွတ်လပ်ရေး

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအခြားသော
အာဇာနည်ခေါင်းဆောင်များရဲ့ဦးစီးဦးဆောင်ပြု၍တိုက်ပွဲဝင်ခဲ့ကြရသော
ဖက်စစ်စနစ်၊ကိုလိုနီစနစ်တို့မှာနယ်ချဲ့တို့၏ရန်မှဖြစ်သော်လည်းယခုအခါ
ထိုလွတ်လပ်ရေး၏အရသာကိုကျွန်ုပ်တို့တိုင်းရင်းသားပြည်သူများမှာမှန်ကန်စွာ
မခံစားရသေးသောကြောင့်မှန်ကန်စွာခံစားရရှိနိုင်ရန်အလို့ငှာမမှန်မကန်နှင့်
လက်နက်အားကိုးဗိုလ်ကျအနိုင်ကျင့်နေခဲ့၊နေဆဲ၊နေလျက်ရှိသောစစ်အာဏာရှင်
မိစ္ဆာဗိုလ်ချုပ်ကြီးတစ်စုအားအမြစ်ပြတ်သုတ်သင်ဖယ်ရှားနိုင်ရေးအတွက်
ဒုတိယမြောက်လွတ်လပ်ရေးတိုက်ပွဲတွင်အများစုတိုင်းရင်းသားပြည်သူများမှ
ကျွန်ုပ်တို့မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်
နှင့်အတူမိမိတတ်နိုင်သည့်ဘက်မှတတ်နိုင်သလောက်ဘာသာရပ်ပေါင်းစုံမှ
ပူးပေါင်းပါဝင်တိုက်ဖျက်သွားကြပါရန်အလေးအနက်တိုက်တွန်းနိုးဆော်အပ်ပါတယ်
ခင်ဗျား။
ကိုတေ( မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် )
Posted by
ရန်ကင်း
@
Saturday, January 03, 2009
0
comments
Labels: ကြေငြာချက်
Wednesday, December 31, 2008
ဆရာကြီး....သို့...ဂါဝရ
ဗမာစစ်ရင်တောင်
အာပလာအချစ်နဲ့
နယူးရီးယားမှာ
အထူးကြီးပွားချင်ရင်
ခံလိုက်ကြစမ်းနိုင်ငံသား....................
ပြီးတဲ့အခါဟန်လုပ်ကာနဲ့
ဟိုဖောဒီရွှေ
ချစ်လှစတိုင်လ်
အတိအကျပိုင်ပိုင်
ကိုယ့်မြေကိုယ်ရေအတွက်ဆိုပြီး
အော်လိုက်စမ်းဟဲ့ဒီမိုကရေစီ.................
တကယ်တန်းကျလိုအပ်လှစွာ
သူတကာဒုက္ခ
ပြည်တွင်းမှာ"က"တော့
ရှိတဲ့ငွေထုတ်ပြုန်းကာပြုတ်ဖို့
စိတ်ကူးတောင်မသန်းလို့
ဆရာကြီးအဆင်နဲ့
ရူးလိုက်ပါဦးးးးးးးးးးးးးးးးးး။
အထက်ပါကဗျာမှာခုနှစ်သက္ကရာဇ် ၂၀၀၉ ကိုကြိုဆို၍ကျွန်တော်ကိုတေမှ
ဆရာကြီးသို့ဂါဝရပြုသောအားဖြင့်
စပ်ဆိုထားခြင်းဖြစ်ပါသည်။
အခြေအနေ၊အကြောင်းကြောင်းကြောင့်တိုင်းတစ်ပါးနိုင်ငံသားခံယူထားသော်လည်း
မိခင်နိုင်ငံအတွက်အမှန်တကယ်ဆောင်ရွက်နေကြသောလေးစားထိုက်သူများကို
မရည်ရွယ်ပါခင်ဗျား....
Posted by
ရန်ကင်း
@
Wednesday, December 31, 2008
1 comments
Labels: ကဗျာ
Monday, December 8, 2008
နှစ်၆၀ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ သဘောထားထုတ်ပြန်ကြေငြာချက်
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် နအဖ ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုရေး လုပ်ငန်းစဉ်များကို ပြင်းထန်စွာ ကန့် ကွက်ရှုံ့ချကြောင်း အနှစ် ၆၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ တွင် ကြေငြာအပ်ပါသည်။
ဗိုလ်သန်းရွှေ ဦးဆောင်သည့် န၀တ တဖြစ်လဲ နအဖ စစ်အုပ်စုတို့ သည် မိမိတို့  အာဏာတည်မြဲရေးနှင့် တိုင်းပြည်ကို
တရားဝင်စစ်ကျွန်ပြုရန် အလို့ ငှာ ပရမ်းပတာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့်တကွ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို နစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် မတရားထိုးစစ်ဆင်ခြင်း၊ ရွာများမီးရှို့ ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသော ရက်စက်ရမ်းကား ယုတ်မာမူများကို နှစ်ပေါင်း(၂၀)နီးပါး ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြသည်။
ဗိုလ်သန်းရွှေအနေနှင့် စေ့စပ်ရေးဆွေးနွေးရန် တောင်းဆိုချက်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လျစ်လျုရှု၍၊
၁၉၉၀ မေလရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်၍ ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကိုဆန့်ကျင်ပြီး၊ လာမည့် ၂၀၁၀တွင် ရွေးကောက်အသစ်ထပ်မံပြုလုပ်ရန် ကိုယ်တိုင်ထုတ်ဖေါ် ပြောကြားချက်များကိုလည်း ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ကန့်ကွက်ကြောင်းဖေါ်ပြအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့စုပေါင်း ပြုလုပ်သည့် နအဖစစ်အုပ်စုအား ဆန့်ကျင်ရှုံ့ချ ဆန္ဒပြပွဲများမှတဆင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားစေမည့် အဆုံးအဖြတ်တိုက်ပွဲ (၀ါ) စစ်ဗိုလ်ချုပ်များအတွက် သေမင်းတမန် စိန်ခေါ်တိုက်ပွဲ ကိုလည်း မြန်မာနိုင်ငံတဝှမ်းတွင် နအဖ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အကောင်အထည်ဖော် တိုက်ပွဲဝင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် သုတ်သင်ဖယ်ရှားနိုင်ရန် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်လာရေးမူ အပေါ်တွင် အခြေခံသည့် လိုအပ်သောလုပ်ငန်းစဉ်များအားလုံးကို စနစ်တကျ ချမှတ်လုပ်ဆောင် သွားကြမည်ဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်ဖြစ်သော မြန်မာ့မျိုးဆက်သစ်များ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့် ရရှိစေရေး၊ တိုင်းရင်းသားပြည်သူများအားလုံး တရားဥပေဒေနှင့် အကာအကွယ် ရရှိစေရေး စသည့် ရည်မှန်းချက်များကို ရှေးရှူ၍ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့အားလုံး စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်
နိုင်ငံတကာအဖွဲ့အစည်းများမှလည်း၊ မြန်မာပြည်သားများ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားသည်အထိ နအဖ စစ်အာဏာရှင်တို့အပေါ်တွင် ထိရောက်သည့် အရေးယူမူများအား ဆက်လက်လုပ်ဆောင်ပေးကြပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။
တရားမဝင် စစ်အုပ်စုဖယ်ရှားရေး ---- (ဒို့အရေး၊ ဒို့ အရေး)
ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး --- (ဒို့အရေး၊ ဒို့အရေး)
တရားဈင်ပြည်သူ့ အစိုးရ ပေါ်ပါက်ရေး ---- (ဒို့အရေး၊ ဒို့အရေး)
အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး အရေးတော်ပုံ (အောင်ရမည်၊ အောင်ရမည်)
Posted by
ရန်ကင်း
@
Monday, December 08, 2008
0
comments
Labels: လူ့အခွှင့်ရေးနေ့
Thursday, December 4, 2008
ဘရဏီမျိုးpostအတွက် ပေးစာ (၂)
ကျွန်ုပ်သည် စာဖတ်သူတစ်ဦး ဖြစ်ပါသည်း။ ဒီအကြောင်းတွေ ကျွန်ုပ် ကြားဘူးနေပါသည်။ နောက်ဆုံး PoFPရဲ့ နောက်ဆုံး postကို ဖတ်ပြီး ဤစာကို ရေးလိုက်မိပါသည်။ ယခင်ပို့စ်များနှင့် မတူပဲ ပုဂ္ဂိုလ်ရေးကို အသေအလဲ တွယ်ထားသည် မှန်သော်လည်း ရေးသင့်သည်ဟု ထင်ပါသည်။ ရှင်းရှင်းပြောရလျှင် အောက်တန်းပဲ ကျပါစေဦး။ အပုတ်ချရုံမကလို့ ဖြစ်လိုရာ ဖြစ်ပါစေ ကျွန်ုပ်ကတော့ ကြိုက်၏။ အရမ်းကို ကြိုက်၏။
နိုင်ငံရေး ၊ နိုင်ငံရေးနဲ့ ပက်သက်တဲ့ မီဒီယာလောကတွေထဲမှာ ဒီလို လူမျိုးတွေအတွက် ဘယ်လိုမှ နေရာမရှိသင့်ပေ။ ဒီလိုဇာတ်ဆိုတာလဲ ရေးလို့သာ လူသိတာပါဗျာ။ လူတွေ မသိတဲ့ ယိုးဒယားက ဇာတ်ဂှုပ်တွေ အပုံကြီး ကျန်သေးတယ်ဆိုတာ ကျွန်ုပ်တို့ သိနေပါတယ်။
ဒီလိုတွေရေးမှ နောင်အဲလို ခွေးဇာတ်ခင်းတာတွေ ဆင်ခြင်လာမည်ဟု မျှော်လင့်လို့ရမည်။ နိုင်ငံရေး ၊ မီဒီယာ အသိုင်းအ၀ိုင်းမှာ ကျွန်ုပ်တို့ ပြည်သူတွေအနေနှင့် လူတွေပဲ အလိုရှိပါတယ်။ ခွေးတွေ အလိုမရှိပါ။ လူဖြစ်ဖို့အတွက် လူ့စည်းကမ်းကို စောင့်ရသည်ဆိုမှာတော့ အထူးပြောရန် မလိုဟု ထင်ပါသည်။ ခွေးလို အိပ်ချင်ရာလူတွေနဲ့ လိုက်အိပ်နေမှတော့ အဘယ်ပုံ ၊ အဘယ်နည်းဖြင့် တော်လှန်ရေးကို အားထုတ်မည်နည်း။ အဘယ်ပုံ ၊ အဘယ်နည်းဖြင့် မှန်ကန်သော နိုင်ငံရေးနှင့် ပက်သက်သည့် မီဒီယာသတင်းတွေကို ဖြန့်ဖြူးမည်နည်း။
နိုင်ငံရေးဆိုတာ စိတ်ဓာတ်နဲ့ လုပ်ရတာပါ။ ဒီလောက် လူ့ကျင့်ဝတ်တောင် နားမလည်တဲ့လူတွေက ဘယ်လိုလုပ် နအဖကို စိတ်ဓာတ်နဲ့ တိုက်မလဲ။ တော်လှန်ရေးရဲ့ စည်းကမ်းဆိုတာ နအဖကို မကောင်းဘူး အော်နေရင် ၊ ကိုက်နေရင် ပြီးပြီလား။ လူတစ်ယောက်ဟာ ကိုယ်ကျင့်သိက္ခာမရှိပါပဲလျှက် တော်လှန်ရေး အမည်ခံထိုက်ပါသလား။ လူတစ်ယောက်ရဲ့ သာမန်ကျင့်ဝတ်ကိုတောင် မလိုက်နာနိုင်ပါပဲလျှက် တော်လှန်ရေးကြီးလုပ်မည်ဆိုတာဟာ ပြည်သူတွေကို စော်ကားနေတာနဲ့ တူပါတယ်။ မီဒီယာဆိုတာလဲ အတူတူပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရထားပြီဆိုပြီး လုပ်ချင်တိုင်းလုပ်ဖို့ မသင့်တော်ပါ။ မီဒီယာလုပ်ငန်းကြီး တခုဖြစ်တဲ့အတွက် မီဒီယာသမားတွေကို မီဒီယာစည်းကမ်းနဲ့အညီ ထိမ်းသိမ်းသင့်ပါတယ်။ မီဒီယာသမားတွေကို စည်းကမ်းထိမ်းသိမ်းလား ၊ မထိမ်းသိမ်းလားတော့ မသိပါ။ တလောက ဖြစ်သွားတဲ့ ကိစ္စကို ကြည့်ရင် သိနိုင်မယ် ထင်ပါတယ်။ မီဒီယာသမားတယောက် စည်းမစောင့်မှုကြောင့် ကျွန်ုပ်တို့ လူတစ်ယောက် ဆုံးဂှုံးခဲ့ရပါတယ်။ သူတစ်ယောက်တင် ဆုံးဂှုံးသည် မဟုတ်ပါ။ သူ့ Blog ကို တလေးတစား ဖတ်နေသော ကျွန်ုပ်တို့ အတွက်ပါ ဆုံးဂှုံးတာ ဖြစ်ပါတယ်။
ဒီမိန်းမကို ရေးလို့ အောက်တန်း ကျမယ်ဆိုရင် ... ဒီမိန်းမကို ကာကွယ်ပေးချင်တယ်ဆိုတဲ့ လူတွေကို နည်းနည်း ပြောချင်ပါတယ်။ စာလိုရေးမှာထက် စကားလို ပြောချင်တယ်ဗျာ။ အားရပါးရပေါ့ဗျာ။ ရိုင်းသွားရင်လဲ ခွင့်လွှတ်ပါ။
"ခွေးအလုပ်ကို အားပေးချင်တယ်ပေါ့။ မြန်မာတိုင်းရင်းသူ မိန်းမကောင်းဆိုတာ အမေပေးတဲ့ လယ်တစ်ကွက်နဲ့ အလုပ်လုပ်မစားဘူး။ ငတ်သွားပါစေ။ တောင်ကျော်ပြီး အနာဂတ်ကိုမေ့ကာ ငါးပိရည်သောက်နေပြီး အမျိုးဂုဏ်ကို စောင့်နေတဲ့မိန်းကလေးတွေ ယိုးဒယားမှာ အပုံကြီးပါ။ အားမပေးဘူးဆို အပိုတွေအနေနဲ့ ပုဂ္ဂိုလ်ရေးတွေ ၊ ကျင့်ဝတ်တွေ ပြောနေရန် မလို။ ပြောချင်လျှင် အဲဒီမိန်းမနဲ့ ဒီဗွီဘီကို အရင်ပြောသင့်တယ်။ မပြောချင်ဘူးဆိုရင်လည်း ခွေးမတစ်ကောင်ကို သောက်မြင်ကပ်လို့ ဖင်ပိတ်ကန်တယ် မှတ်လိုက်ရင် ပြီးသွားတာပဲ။
သောက်ကြီးသောက်ကျယ်တွေ ပြောမယ်ဆို တခုစဉ်းစားပါ။ ကိုယ်နဲ့နှိုင်းရင် မရိုင်းဘူးတဲ့။ ဒီလိုမှ မဆော်ရင် မြန်မာမိန်းကလေးတွေ ရေလိုက်လွဲပြီး မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်မယ်။ ဒါကို မြန်မာတွေ ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာ မြန်မာယောက်ျားကောင်း ၊ မိန်းမကောင်းတွေ သေချာနားလည်မယ်ထင်လို့ ဇာချဲ့မပြောချင်ဘူး။
မြန်မာတွေ သိပ်တန်ဖိုးထားတဲ့ အရာနဲ့ ထမင်းတစ်လုပ် ၊ အလုပ်တစ်နေရာ ၊ နှုတ်ခမ်းနီ တစ်တောင့်နဲ့ မလဲလှယ်သင့်ဘူး။ ဒီလိုမှမဟုတ်ရင် အရည်းကြီးတွေကို တိုက်ထုတ်ပြီး ဗုဒ္ဓဘာသာ ထွန်းကားစေခဲ့တဲ့ ဘုရင်ကပဲ မှားနေသလိုလို။ လဲလှယ်တယ်ဆိုလဲ ကျွန်ုပ်တို့မှ မြန်မာလို့ သတ်မှတ်မှာ မဟုတ်တော့ဘူး။ ဖြစ်နိုင်ရင် သူတို့ခန္ဓာကိုယ်ထဲက သွေးတွေကို တခြားနိုင်ငံသူ တစ်ယောက်သွေးနဲ့ လဲပေးလိုက်ချင်တယ်။
တကယ်ကို ငတ်နေပြီး မိသားစုကို ငဲ့ညှာရတဲ့အတွက် ခန္ဓာကို ရောင်းစားနေရပေမယ့် ကိုယ့်ဘ၀ကိုယ် ရွံ့ရှာနေရတဲ့ မြန်မာပြည်ထဲက မတတ်သာလို့ ဖြစ်နေရတဲ့ မိန်းကလေးတွေကို မစော်ကားချင်ပါဘူးဗျာ။ မစော်ကားချင်တဲ့အပြင် စာတောင် စာနာပါသေးတယ်။ သနားမိပါသေးတယ်။ ဒါပေမယ့် ဒီလို မိန်းမအတွက်တော့ လုံးဝ ဒီလိုစိတ်မရှိပါ။
ဘယ်သူရေးတာမှန်း မသိပေမယ့် ဆော်တာ ကောင်းတယ်။ ကြိုက်တယ်။ ကြိုဆိုတယ်။ အဲ ... ကျွန်ုပ်တို့ ရေးတာတွေကို မကျေနပ်ဘူးဆိုရင် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပေးထားတဲ့ နာမည်ကိုအောက်မှာ ကြည့်ပါ။ အင်မတန် နာမည်ကြီးပါတယ်။ နာမည်ရှင်ကတော့ သေသွားပါပြီ။ တမင်ကို ဒီနာမည်နဲ့ ဖော်ပြပေးဖို့ကို စာထဲမှာ ရေးပေးလိုက်တာပါ။ မြန်မာတွေ အသိဝင်စေချင်လို့ပါ။ ကြာရင် ဒီနာမည်လိုကို "မိုးဟေကိုကွ" ၊ "ထက်ထက်မိုးဦးကွ" ၊ " နန္ဒာလှိုင်ကွ" ဆိုပြီး ကမ္ဘာမှာ နာမည်ကြီးလာမှာတောင် စိုးရိမ်ရတဲ့ အနေအထားပါ။"
ခု မြန်မာ pornography တွေတောင် ထွက်နေပြီဆိုတာကို ဒီလိုမိန်းမတွေကို ကာကွယ်ပေးချင်တဲ့ လူတွေသိသင့်တယ်။ ဒီလိုမှမဟုတ်ပဲ လူ့ကျင့်ဝတ် ဖောက်ဖျက်တဲ့ မျိုးမစစ်တွေကို လူအသိုင်းအ၀ိုင်းထဲမှာ မကျဉ်ပဲနဲ့ ငါလည်း ရရင် ပါလိုက်ဦးမယ် ဆိုတဲ့ သဘောမျိုး တွေးနေရင် နောင် မြန်မာပြည်ဟာ ယိုးဒယားလို ဖာနိုင်ငံဖြစ်လာတော့မှာပါ။"
ဖာဆိုလို့ နည်းနည်းပြောသွားဦးမယ်ဗျာ။ ပိုက်ဆံပေးပြီး တစ်ညခေါ်အိပ်မှ ဖာလို့ ခေါ်တာ မဟုတ်ဘူးဗျ။ အခွင့်အရေး တစုံတရာ ၊ လက်ဆောင် ပစ္စည်း တစ်စုံတခု ၊ ရှင်းရှင်းပြောရရင် တစ်စုံတခု ရလိုမှုအတွက် လိင်ကိစ္စနဲ့ ပေးဆပ်ရယူတာကို ဖာလို့ခေါ်ပါတယ်။ မိုးဟေကို ၊ နန္ဒာလှိုင် အစပြုတဲ့ ရုပ်ရှင် မင်းသမီးတွေက စပြီး လက်ညိုးထိုး ၀ယ်ခိုင်းပြီး လိင်အရ ပေးဆပ်တတ်တဲ့ မော်ဒယ်မှန်သမျှ ၊ ချောချာလှလှ မိန်းမမှန်သမျှဟာလဲ ဖာစာရင်း ပါပါတယ်။ ကောင်းကောင်းမွန်မွန် မြန်မာတိုင်းရင်းသူတွေပါ ဒါမျိုးတွေ ဓာတ်ကူးကုန်ပြီး ဒါမျိုးတွေ လုပ်မှာကို မြင်ချင်ရင် အဲဒီစာရေးသူကို ပြောချင်ရာ ပြောကြပါ။ မြန်မာပြည်ဟာ ကျပ်တည်းလွန်းပြီး ဒုက္ခဖြစ်နေတဲ့အတွက် ဓာတ်ကူးဖို့က ပိုလွယ်နေပါတယ်။ သိက္ခာထက် ရိက္ခာက ပိုအရေးကြီးနေတဲ့ အနေအထားပါ။ ဒီအချိန်မှာ ကျွန်ုပ်တို့တွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေ အပြင်းအထန် ဂှုံ့ချတိုက်ခိုက်ပြီး အမျိုးဂုဏ်ကို စောင့်ထိန်းဖို့ ကြိုးစားသင့်ပါတယ်။
ရည်းစားနဲ့ အိပ်တယ်ဆိုတာလောက်ကို ပြောင်းလဲလာတဲ့ ခေတ်ပုံစံအရ မျက်လုံးမှိတ်လက်ခံလို့ ရပေမယ့် တစုံတရာ ရလိုမှုနဲ့ လိင်ပေးဆပ်မှုကိုတော့ ဘယ်လိုမှ ကျွန်ုပ်တို့ ဘယ်လိုမှ လက်မခံပါ။ အဲဒါဟာ ဖာသာ ဖြစ်ပါတယ်။ ရည်းစားတောင် ဆယ်ယောက် ၊ အယောက် နှစ်ဆယ်လောက်နဲ့ဆို ဘယ်စာရင်းသွင်းရမှန်း မသိတော့လို့ မပြောသွားတော့ပါ။"
တော်သေးပြီ။
မြန်မာ porn တွေကြည့်ပြီး ငါလူပြန်ဖြစ်ရင် မြန်မာပြည်မှာ လူဝင်စားမယ်လို့ စိတ်ကူးနေတဲ့,
Anna Nicole Smith
PS: PoFPကို အကြွင်းမဲ့ ယုံကြည်မှုဖြင့် ဒီစာကို ရေးပါသည်။ ဒီ Blog သည် မည်သည့်အခါမျှ မမှန်တာကို ရေးမည် မဟုတ်ဟု ယုံကြည်မိနေသည့်အပြင် မှားတာကို အမှန်အတိုင်း ၀န်ခံတောင်းပန်ရဲသော Blog အနည်းအငယ်အတွင်း၌ ဤBlogသည် အပါအ၀င်ဖြစ်သောကြောင့် မမှန်ပဲ သူတစ်ပါးသား ၊ သမီးကို ဒီလောက်ရေးမည်ဟု ကျွန်ုပ်မထင်ပါ။ မှန်နေလျှင်လဲ ဒီလိုမိန်းမမျိုးကို ဒီထက်မက ရေး၍ တော်လှန်ရေး မီဒီယာလောကမှ မောင်းထုတ်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ဒါမှ ကျွန်ုပ်တို့ ပြည်သူတွေ အလိမ်မခံရမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။
Posted by
Paradise of Fighting Peacocks
@
Thursday, December 04, 2008
4
comments
ဘရဏီမျိုးpostအတွက် ပေးစာ
ကျွန်ုပ်သည် blog ဖတ်သူတဦး ဖြစ်ပါသည်။ pofp နောက်ဆုံးpostကို ဖတ်ပြီး ဤစာကို ရေးမိပါသည်။ အက်ဒမင်များ သဘောတူလျှင် ဖော်ပြမည် ထင်ပါသည်။ ထိုpostတွင် ဖော်ပြချက်မှာ ယခင် pofp post များနှင့် ကွဲပြားခြားနားလျက်ရှိပါသည်။ ဘွင်းဘွင်းဆိုရလျှင် အဆင့်အတန်းကျလျက်ရှိပါသည်။
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမှာ လက်ခံနိုင်မှု အတိုင်းအတာကို လွန်လျက်ရှိသည်ဟု မြင်မိပါသည်။ ကျွန်ုပ်က နှစ်ဘက်စလုံးတွင် အပြစ်ရှိသည်ဟု ထင်ပါသည်။ (စိတ်ရင်းအတိုင်း ပြောတာပါ။)
ပထမတချက်က ကာယကံရှင် အမျိုးသမီးဖြစ်ပါသည်။ တကယ်ဟုတ်၏ မဟုတ်၏ကိုမူ ကျွန်ုပ် လက်လှမ်းမမီနိုင်ပါ။ သိလည်း မသိချင်ပါ။ ရေးသူက ကိုယ်ရေးကိုယ်တာတွေပါ မကျန်ရေးထားသဖြင့် သူ့အသိထဲကပဲ ဖြစ်နိုင်သည်ဟု ထင်ပါသည်။ ကာစတမ်မာဟု တစ်နေရာတွင် တွေ့ရသည်။ ထို့ကြောင့် ဖြစ်လာဖို့ရာ နှစ်ခု မြင်ပါသည်။ တစ်ခုက ဟုတ်လျှင် ခံရဘို့ဖြစ်သည်။ မဟုတ်တာလုပ်ထားလျှင် နောက်ကျောမလုံနိုင်ဆိုသည့်အချက်ဖြစ်ပါသည်။ ပုပ်ရင် ပေါ်ဘို့ရှိသည်။ နောက်တစ်ခုက မဟုတ်မမှန်ခဲ့သည်ရှိသော် ရေးသားသူ နာမည်ရိုင်းရိုင်းနဲ့လူက ခံပေလိမ့်မည်။ ပြန်လည်ချေပနေရန်မလိုပေ။ အမှန်တရားသည် ဖုံးကွယ်၍ မရနိုင်ပေ။ တလွဲပြောလျှင် ပြောသူရော၊ blog လုပ်သူတွေပါ ခံရမည် ထင်ပါသည်။
ဒုတိယတစ်ခုမှာမှာ ရေးသားမှုဖြစ်သည်။ ဤ အကြောင်းအရာတွင် ပညာသားလဲ မပါပေ။ ပညာရစရာလဲ မတွေ့ပေ။ ဒါကိုရေး၍ ဘာဖြစ်လာနိုင်သနည်း။ ဒဲ့ဒိုးကြီးရေးထား၍ ဘယ်သူမှ ဝမ်းသာလိမ့်မည် မထင်ပါ။ ကာစတမ်မာဆိုသူက ဝမ်းသာရင်တော့ မသိပါ။ ရေးသူက ရေးအုံး။ blog ပိုင်ရှင်က ဘာလို့ တင်သလဲတော့ မသိပါ။
အတော်စိတ်ပျက်စရာ ပညာမပါသည့် အပုပ်ချပွဲဟု မှတ်ချက်ပေးချင်ပါသည်။ ဒဲ့ပြောတာ sorry ပါ။
စာဖတ်သူတဦး
Posted by
Paradise of Fighting Peacocks
@
Thursday, December 04, 2008
0
comments
Tuesday, December 2, 2008
ဘရဏီမျိုး
ဤနေရာကို နှိပ်ကြည့်ပြီးမှ ဆက်ဖတ်ပါရန် ..
အံ့ဘနန်း ကြီးစွာ သြမိပါတော့သည်။ ဤရုပ်သံ အစီအစဉ်ကို ကြည့်မိတိုင်း အံ့သြပြီးရင်း သြမိရခြင်း ဖြစ်၏။ အနှီ ရုပ်မြင်သံကြား သတင်း ဌာန လူငယ်ရေးရာ ကဏ္ဍတွင် အဟွါလုပ်သူ ဘရဏီခေါ် နန်းသန္တာမျိုးကား တစ်ချိန်က လူမှောင်ခို တင်ပို့သူ ဗမာပွဲစား တစ်ဦး၏ ကိုယ်ရေး အရာရှိ လိုလို၊ စကားပြန် လိုလို၊ အပြင်ရေးမှူး လိုလို ဖြစ်ခဲ့ဖူးသူ တစ်ယောက် ဖြစ်သည်။ အတွင်းကိစ္စတော့ မသိ။ အပြင်ကိစ္စ တော့ သွက်သွက် ခါနေအောင် လည်ပတ် ဖျတ်လတ်ကာ ဘ၀ကို လည်သလို ကျော်ဖြတ်၊ ခွနင်းပြီး သွားနေသူ တစ်ဦးဖြစ်၏။ ထိုထက် ပို၍ ပို၍ ပြောရလျှင်ဖြင့်၊ ပွဲစားကြီး၏ ကန့်လန့်ကာ နောက်ကွယ်ရော၊ ပေါ်တင်ကြီးရော အဖန်များစွာ ခင်တတ်သူ ကြော်ကတက် တစ်ဦး ဖြစ်ခဲ့ဖူး ပေသည်။ ယနေ့ ဗမာ့ အတိုက်အခံ မီဒီယာကြီး တစ်ခုအတွင်းမှာ မယုံနိုင်စရာ အဖြစ်အပျက်များ ဖြစ်ချေပြီ။ လင်ကစွန့် ထားခြင်း ခံရသည်ဟူသော ဘန်ကောက်နေ ရွာသူတစ်ယောက် ချင်းမိုင် နယ်အတွင်း အစိမ်းလိုက် ၀င်ကာ နှောက်နေပြီထင်၏။ ကြည့်ရင်း တွေးသည်။ မျက်လုံး စုံမှိတ်ကာ စဉ်းစားသည်။ ထပ်ခါတလဲလဲ ဖင်ပြန် ခေါင်းပြန် တွေး၍ စဉ်းစား၍ နေမိချေတော့သည်။
မီဒီယာ သမားတစ်ဦး၏ မရှိမဖြစ်၊ မတတ်မဖြစ် လိုအပ်ချက်ကား မည်သည်တို့နည်း၊ ထိုထက်ပိုပြီး ထိုသူ၏ နောက်ခံသမိုင်းကြောင်း၊ သူ၏ စိတ်ဓါတ်ရေးရာနှင့် စာရိတ္တ၊ ဖြတ်သန်းခဲ့ရသော လူမှု ပတ်ဝန်းကျင်။ နောက်ဆုံး သူလုပ်ခဲ့သမျှသည် အကောင်းဘက် ရှိခဲ့၏လော။ အဆိုးဘက် ပါခဲ့သည်လော။ ပြီးလျှင် သူ့စေတနာနှင့် ရည်ရွယ်ချက် အမှန်ကကော မည်သို့ ရှိရ ထားရမည်နည်း။ စာရေးသူ မပိုင်းခြား တော့။ စာရှုသူသာ တွေးကြည့်ပါ။ ဝေဖန် ကြည့်ပါ။ မီဒီယာ သမားတစ်ဦး၏ ထားရမည့် ကျင့်ဝတ်သိက္ခာ၊ တတ်ထားအပ်သော ပညာ အရည်အချင်း၊ စသည် စသည်တို့ကို ကိုယ်တိုင် ကိုယ်ကျ သေချာ ဃနစွာ မသိသော်လည်း၊ စာရေးသူသိသော၊ တွေးမိသော၊ ဖြစ်သင့်သည် ဖြစ်သော၊ မဖြစ်သင့်သည် ဖြစ်သော အချက်တို့ကား ဦးခေါင်းအတွင်း ခေါက်တုံ့ ခေါက်ပြန် အစုန်အဆန် ပြေးလွှားကာ အဖြေရှာ နေမိတော့သည်။
ကုန်လွန်ခဲ့သော 2005 မှ 2006 ကျော်ကျော် အတောအတွင်းတွင် ဘန်ကောက် အခြေစိုက် ဗမာလူမျိုးတို့၏ လူကုန်ကူးမှု လုပ်ငန်းများမှာ အင်မတန် ထွန်းကား အလုပ် ဖြစ်ခဲ့၏။ ရိုးနေပြီဟု အတွေး မစောပါ နှင့်။ သိပ်မရိုးသော်လည်း စာရေးသူ အနေဖြင့် အတန်ငယ် ထူးဆန်း သော ဗမာ လူမျိုးတို့၏ လူကုန်ကူးမှု သမိုင်းပင် ဖြစ်သည်။ လူကုန်ကူးသည် ဆိုရာဝယ် ကော့သောင်း၊ မြ၀တီတို့မှ ထိုင်း၊ မလေးရှား ဘက်သို့ ကူးခြင်း လုပ်ငန်းကို မဆိုလို။ ဆက်လက် ရှုစားပါ။ DVB ၏ လူငယ်ရေးရာတွင် တွေ့နေရသော ယင်း ဘရဏီ ဆိုသည့် အသက် (30) နား ကပ်နေသော်လည်း၊ ရုပ်ရည် နုပျိုသော အနောင်စာဟု ခေါ်လေမလား၊ ပရီစင်တာဟု သမုတ်ရမည်လား မသိသည့် အမျိုးသမီးမှာ ဆိုခဲ့ပြီးသော တချိန်တုန်းက လူကုန်ကူးသည့် လုပ်ငန်းတွင် ကြော်ကတက် တဖြစ်လဲ၊ ဘာသာပြန်လို တဖုံ၊ အတွင်းအပြင် ဆက်ဆံရေး အရာရှိလို တမျိုး၊ ဟိုမရောက် ဒီမရောက် တစ်ယောက် ဖြစ်ခဲ့ဖူးလေသည်။ ပညာ အရည်အချင်းကား ဘွဲ့ရပြီးဟု သူ့ ဘာသာသူ သတ်မှတ်၏။ စကားကို မပီ့တပီ ညုတတ်၏။ သူတပါး သနား စေရန်လားမသိ၊ "မျိုး .. ကလေ" "မျိုး .. ကလေ" ဟု နှာသံ ညှက်စိဖြင့် ကြိုးစား၍ ပြောတတ်သေး၏။ ယင်း"မျိုး" က ယခု ဘရဏီ ဖြစ်နေတော့ စာရေးသူမှာ ၀င်းဦး သီချင်းကို ယောင်၍ ရေရွတ် မိသေးသည်။
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .."
"သူ့ မြင်ကတည်းက ဆွဲစိစရာလေး .. ရှုချင်စမြဲပ ပဲများသူပေး .. ချင်းမိုင်ကြယ် နှစ်လုံးလို .. ပြုံးချို ဖုန်းမို ရှုလို့ မဆုံး .. ကြိုက်လို့ မဆုံး .. အမိုက်တိုက် ဆုံးတော့ သကိုး .. အိုး …. မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချ ရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. …. ဂွီ .. ဂွီ .. ကျလီ .. ကျလီ… " ..
ဟုတ်ပါသည်။ ဒီဗွီဘီလို အထင်ကရ မီဒီယာကြီး တစ်ခုက ဤသို့ ဤနှယ် ပေါက်လွှတ်ပဲစား တစ်ဦးကို မည်သို့မည်ပုံ ဆွဲခေါ်ကာ မီဒီယာ မျက်နှာဖုံး စွပ်ပေး လိုက်လေသည် နားမလည်ချေတော့။ (မီဒီယာသမားဟု သတ်မှတ်က မှားမည်လား မပြောတတ်။ စာရေးသူ နားလည် သလို သုံးစွဲခြင်း ဖြစ်သည်။ မှားသည်ထင်က ပြင်ပေးပါလေ။) သူမက ထင်ပေါ်၍ စင်တော်က ကောက်ခြင်းလော၊ ဖင်အဖေါ်ကောင်း၍ ထိုအရာကိုမှ ကြိုက် နှစ်သက်တတ်သူ တာဝန်ရှိ လူကြီးမင်း တစ်ဦးဦးက ကြော်ကတက်အရာ ချီးမြှောက်ပေးလိုက်ခြင်းလော။ တစ်ခုခု တော့ တစ်ခုခု ဖြစ်ပေလိမ့်မည်။ ပညာ မတတ်သော်လည်း၊ နိုင်ငံရေး၊ မီဒီယာ အကြောင်း တစ်လုံး တလေမှ မသိသည် ဖြစ်သော်လည်း၊ အဖြူရောင် နောက်ခံရှိခဲ့သူ၊ ရိုးသားခဲ့သူ တစ်ဦးဆိုပါက တစ်လုံး တစ်လေမှ ရေးရန် အကြောင်းမရှိ။ အားပေး ချီးမြှောက်ရန်သာ ရှိပေသည်။
အခု မီဒီယာသမား၊ တစ်ချိန်က ယင်းတို့လို လူပွဲစားများ၏ ကလိန်စေ့ ဥာဏ်ဆင် ဖိုးတွမ်းတီး ရိုက်ချက်များကြောင့် ဘ၀ ပျက်သွားသူများ ယနေ့ ဒုနဲ့ဒေး ရှိနေပါသည်။ ဤသို့ ဆိုလျှင် ဤပို့စ် ဖတ်မိသူ၊ တစ်ချိန်က ပွဲစားမင်းတို့ နှိပ်စက်သဖြင့် အလုပ် မဖြစ်ခဲ့ဘဲ၊ ဒေါ်လာ ထောင်၊ သောင်းမက ဆုံးရှုံးခဲ့ဖူးသူ ကာယကံရှင်များက စာရေးသူကို သာဓု ခေါ်လေမည်လား မပြောတတ်ချေ။ သို့တည်းမဟုတ် တစ်ချိန်က "ဖာတနာဂမ်"ဟုခေါ်သည့် ယခု စူဝမ်နဖုံ လေဆိပ်နားက တိုက်ခန်းတွင် ပွဲစားကြီး အလစ် ဖဲမွေ့ယာ ရွှေကော်ဇော်ပေါ် ချစ်တလင်း ခေါ်ခဲ့ဖူးသော ကာစတမ်မာများက စာရေးသူအား ရိုက်သတ် ချင်နေမည်လား မဆိုတတ်တော့။
ကြုံ၍ တမင်ဖေါက်သည် ပြန်ချရန် ရှိသည်မှာ .. တစ်ချိန်က ဗမာတို့ နည်းလမ်း မျိုးစုံသုံးပြီး ဥရောပနှင့် အမေရိက တို့သို့ ခြေဆန့်တော် မူကြခြင်း အကြောင်းဖြစ်သည်။ ဆိုခဲ့ ပြီးချေပြီ။ စာရေးသူ အဖို့ကား အင်မတန်မှ မျက်စိ ကျယ်ကျယ် သွားရလောက်အောင် အံ့သြ စရာ တွေချည်းဖြစ်၏။ လုပ်ပုံကလည်း သင်းပျံ့ပျံ့ ရှိလှ၏။ သူတို့သည် စာရွက် စာတမ်း အတုအပ မျိုးစုံသုံး၏။ သူတို့၏ လူပို့ဆောင်ရေး ကုမ္ပဏီ ရုံးခန်းမှာ မသိလျှင် အနောက် နိုင်ငံ သံရုံတစ်ရုံးနှယ် ရှိချေသည်။ တံဆိပ်တုံး ပေါင်းစုံရှိ၏။ ထိုမျှမကသေး၊ မြန်မာနိုင်ငံရှိ သင်္ဘော သားရုံးမှ အထောက် အထား တံဆိပ်တုံးများ၊ နိုင်ငံတကာ သဘောင်္လိုင်းများမှ LOGO များ၊ letter head များ စသည်ဖြင့် စုံစေ့အောင် ဖန်တီးထား၏။ ပြီးလျှင် မြန်မာပြည်ရှိ တက္ကသိုလ် ပေါင်းစုံမှ ဘွဲ့လက်မှတ် ပေါင်းစုံ ထုတ်လုပ် နိုင်သော တုပခြင်း နည်းပညာ အကုန်ရှိ၏။ စာရေးသူ မမေ့ခင် ပြောရန် ရှိသည်ကား ကြော်ကတက် ချီးမြှောက် ပေးသူ ပွဲစားကြီး၏ အမည်မှာ စနေနံ သုံးလုံးဖြစ်ကာ ခေတ်ဟောင်း မြန်မာ ရုပ်ရှင် ဇာတ်ပို့တစ်ဦး၏ နာမည်နှင့် (၁၀၀) % တူချေသည်။ ရုပ်ရည်ကား လူရွှင်တော် ငြိမ်းချမ်း၏ အမွှာဟု ပြောသော် ငြိမ်းချမ်း တစ်ယောက် လူပြက်ဘ၀မှ ပင်စင် ယူသွားနိုင်ပေသည်။ သို့သော် ဆော်ကြည် နိုင်လွန်းသူဟု သတ်မှတ်နိုင်၏။ ဆော်ကြည်သလို မယား များလည်း ကြွယ်ဝလှပေသည်။ ရန်ကုန် ဒဂုံမြို့သစ်အရပ်တွင် အကြီး တစ်ယောက်၊ လက်ရှိ ဘန်ကောက်တွင် အလတ် နှစ်ယောက်နှင့် ယခု ဘရဏီကား စတုတ္ထမြောက် ကြင်ယာတော် ကြော်ကတက် ဖြစ်ခဲ့တော် မူချေသည်။ သူတို့ကား ရန်ကုန်ရှိ ပွဲစားများ နှင့် (FAX) ထိုးကာ (သူတို့ ပြောသည့်အတိုင်း) အချိတ်အဆက်နှင့် လူခေါ်သည်။ ကြေးက တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၃၀၀၀) လောက်မှ (၁၀၀၀၀) လောက် အထိ ယူကြသည်။ ဥရောပတိုက်ရှိ အလျဉ်းသင့်ရာ နိုင်ငံ အသီးသီးတို့သို့ နိုင်ငံရေး ခိုလှုံသလိုလို တင်ပို့ကြခြင်း ဖြစ်သည်။ အမှန်စင်စစ် နိုင်ငံရေး ခိုလှုံခွင့် တောင်းသည် ဆိုသည်မှာ လွယ်ကူသော အရာတော့ မဟုတ်ချေ။ သို့သော်၊ သူတို့ကား ဘရိန်း ကောင်းလှသည်။ ရိုးရှင်းသော နည်းလမ်းတစ်ခုမှာ မိမိတို့၏ ကာစတန်မာများကို သင်္ဘောသား စာအုပ် ပေးကိုင်ထားကြခြင်းပင်။ " လွယ်လှ ချေလား မောင်ရင်ရ .. ။ ဟုတ်လှချေလား " ဟု အပြော မစောနှင့်။ အားလုံး အတုတွေချည်း။ အတုဟု ဆိုသော်လည်း အစစ်နှင့် မခြား သုံးထားသည့် နည်းပညာ မြင့်မားလှသည်။ ကိုင်ထားပြီးလျှင် မည်သို့မည်ပုံ ဆက် စခန်း သွားလေသနည်း။ လွယ်လှ၏။ သို့သော် အတိတ်တုန်းက အကြောင်းအရာတွေသာ ဖြစ်သည်။ ယခု ပစ္စုပ္ပန်တွင် မကြိုးစား ပါနှင့်တော့။ ဘန်ကောက်ရှိ ဒုန်မောင်းရော စူဝမ်နာဖုံပါ ဒီဇင်ဘာ အားလပ်ရက် ခွင့်ယူထားသည်။ ရုပ်သံကြည့်ရင်း ယခင် အဖြစ်အပျက်များကို မြင်ယောင် နေမိခြင်းသာ။
ပွဲစားက လေယာဉ် လက်မှတ် ၀ယ်ပေးသည်။ ၀ယ်ပေးမပေါ့။ ယူထားသည့် ပမာဏကလည်း စာရေးသူတို့ဆို ဟိုမှာ ခေတ်ကောင်းလျှင် ရွာပြန် လယ်လုပ်က လယ်သူဌေး ဖြစ်နိုင်လောက်အောင် များပြားသည် မဟုတ်လော။ ရိုးရိုး မဟုတ်။ အသွားအပြန်။ ပြီးတော့ မိမိ ကာစ တမ်မာက ဘယ်နိုင်ငံ သွားချင်သလဲ။ ဥပမာ .. ဂျာမဏီ။ ရ၏။ လွယ်မှလွယ်။ ဂျာမဏီ ဗီဇာမလို။ သို့သော် ဂျာမဏီတွင် တစ်ထောက်နား ထရန်စစ်ဗီဇာ လောက်တော့ ရှိထားရမည်။ လေယာဉ် လက်မှတ်ကတော့ မော်ရိုကို ခရီးအထိပါဘဲ။ ဒါပေသိ ဘန်ကောက် မော်ရိုကို တိုက်ရိုက်တော့ မယူထားချေ။ လုပ်ပုံလုပ်နည်းအရ တိုက်ရိုက် ယူ၍လည်းမရ။ ဘန်ကောက်-မော်ရိုကို တိုက်ရိုက် ခရီးစဉ်ရှိသလား၊ မရှိ ဘူးလားတော့ စာရေးသူလည်း မသိ။ ဆိုသော် ဖရန့်ဖွတ် ထရန်စစ် ဖြစ်အောင် ဖန်တီးထားရသည်။ ဒါက ရိုးရိုးလေး။ မော်ရိုကိုဗီဇာက လွယ်သလားလို့ မေးရန် ရှိသည်။ မသိ။ လွယ်သလား မလွယ်သလား။ သို့ပေမယ့် ဂျာမဏီ ထက်တော့ အပုံကြီး လွယ်သည်။ မလွယ် လည်း မပူနှင့်။ မော်ရိုကို သံရုံးကား တစ်ချိန်က ဘရဏီတို့၏ ကျက်စားရာနေရာ တစ်ခုဖြစ်သည်။ ပြီးလျှင် လေကြောင်းလိုင်းတွေနှင့် ဂွင်ရိုက် ထားရသည်များ ရှိသည်လေ။ ဤလိုနေရာမှာ လှုပ်ရှားရာမှာ ဘရဏီတို့က ဆရာ၊ အခရာပင် ဖြစ်ချေသည်။ ဘန်ကောက်လို နေရာမှာ အီးလို မည်မျှကောင်းကောင်း ထိုင်းဘာသာ တတ်မြောက်ထားမှ ဒါမျိုးတွေကို ရေရေ လည်လည် လုပ်နိုင်သည်ပေါ့။ ဘရဏီတို့ က အီးလို နာဂစ်ကိုတောင် အသံထွက် မပီပေ သော်ငြား၊ ထိုင်းလိုကတော့ မွှတ်နေသည်။ မွှတ်ရ လောက်အောင်လည်း ဘ၀က စုံသည်။ ဤအကြောင်းတွေ မပြောတော့။ နားချိုအောင် ပြောရန်လည်း မဖြစ်။ ဤမျှလောက်နှင့်ပင် လွန်ချေပြီ။ အပြောမတတ်က ဆဲသလို ဖြစ်တတ်သည် ဆိုတာကလည်း ရှိသေးသည် မဟုတ်ပါလော။
အဲ .. အဲ .. ခုနကဟာ ပြန်ဆက်မည်။ ဆိုတော့ ကာစတမ်မာက စူဝမ်နာဖုံကနေ လေယာဉ် စီးသွားမည်။ ဘန်ကောက်-ဖရန့်ဖွတ်-မော်ရိုကို၊ ဘာသွား လုပ်မည်လဲ။ "သင်္ဘောသားပေါ့"။ သားသား မသားသား မသိ။ ဆယ်တန်းတောင် မအောင်ပေမဲ့ သူ့တို့လက်ထဲက CDC မှာတော့ Rank က အင်ဂျင်နီယာ အော်ဖစ်ဆာ။ ဟဲ .. ဟဲ .. ။ တော်သေးတာက ကပ္ပိတိန် ရာထူးတော့ တစ်ခါမှ မတွေ့ဖူး။ အဲသည် လိုမျိုးတွေ အတွက် လိုအပ်သော စာရွက်စာတမ်း အစုံအစေ့ ပါသွားရသည်။ တစ်ခုရှိသည်က ဘန်ကောက်က လွယ်လွယ်နှင့်တော့ ပေးမ တက်။ ရွှေဆိုလျှင် အသေ ရစ်ကြောင်း ဗမာ ပတ်စပို့ ကိုင်ထားသူတိုင်း သိကြသည်။ သူတို့လည်း ဘာတွေမို့နည်း။ အရစ်မခံရဘူးလား မေးမည်ပေါ့။ မခံရချေ။ (အဲ .. အဲ .. တစ်ခါ တလေတော့လည်း ခံရတတ်သည်။ ဤလို အခြေအနေမျိုးတွင် တပ်ခေါက်ပြန်ကာ နောက် တစ်ခေါက် ထပ်ကြိုးစားပေါ့)။ တတ်နိုင် သလောက်တော့ ပွဲစားကြီးက ကြိုးစားပေးသည်။ ကြိုးစားရန်အတွက် စူဝမ်နာဖုံမှာ ရဲတွေ ရှိသည်လေ။ ရဲရှိမှတော့ လာဘ်ပေး လာဘ်ယူ ရှိသည်ပေါ့။ ဤညီမျှခြင်းကား မြန်မာနှင့် ထိုင်းနီးစပ်သည်ပင်။ ဤနေရာတွင် ဘရဏီတို့ တန်ခိုး ထွားပြန်တော့သည်။ လေဆိပ် စောင့်ရဲများ၊ အင်မီဂရေးရှင်းများ၊ ဘာညာများနှင့် တည့်အောင် ပိုင်အောင် လုပ်ယူသည်။ သူမကား အစွမ်းမသေး။ ခေသူမဟုတ်ချေ။ သို့ ကြောင့်လည်း DVB တောင် လက်မှိုင် ချသွားရခြင်း ဖြစ်မည်ဟု စာရေးသူထင်သည်။ (စကားချပ်..) စနေနံ သုံးလုံးပိုင်ရှင် ငြိမ်းချမ်းတို့ အမွှာကား ထိုထို အစွမ်းများကြောင့် ဘရဏီကို လက်မလွှတ်နိုင်ခဲ့ချေ။ ။ 2004 , 2005, 2006 များကား ဘရဏီတို့ ဗိုက်ခွေးနမ်းသော နှစ်များ ဖြစ်၏။ တင်ပို့သမျှ မြန်မာ့ သက်ရှိ ထွက်ကုန်များမှာ အီတလီ၊ ဂျာမဏီ၊ နော်ဝေ စသည် စသည်တို့ တွင် အဆိုင်လင် ဖြစ်ကြကုန်၏။ ပြန်စာများ၊ အီးမေးလ်များအရ အေးချမ်း ကောင်းမွန်စွာ နေကြရသည် ဆို၏။ အဆိုင်လင်နှင့် ဘရဏီတို့ တန်ခိုးကား အကျိုး များလှချေသည်။ ဤသို့ဤနှယ် နိုင်ငံ့ အကျိုး သူမတူ ထူးခြားစွာ သယ်ပိုး ပေးခဲ့ကြသူများ ဖြစ်ပေသည်။
သို့ပေမင့် 2006 နောက်ပိုင်းကား ဘရဏီတို့ အစာအိမ် ဗလာ နီးပါး ဖြစ်ကြရသည်။ တွက်ခြေ မကိုက်တော့။ စာရှုသူများ ကြားကြပါလိမ့် မည်။ စူဝမ်နာဖုံမှာ မြန်မာတစ်ယောက် အဖမ်း ခံရပြီကော၊ ဥရောပရှိ အီတလီ လေဆိပ်ကနေ မြန်မာ နှစ်ယောက် ပြန်ပို့ခံရသည် ဆိုပါရော။ ခက်ချေတော့သည်။ သူတို့ လုပ်နည်းတွေကို အင်တာပိုလ်များက ရိပ်မိကုန်၏။ ကြားခံ လေဆိပ်တွင်၊ ခေတ္တရပ်နားစဉ် မြန်မာ များကား ယောင်လည်လည်ဖြင့် အိမ်သာတွင်း ပုန်းနေကြ၏။ မိမိ လိုက်ပါရမည့် လေယာဉ် ခရီးဆုံး နိုင်ငံသို့ ထွက်ခွာသွားပြီးမှ အိမ်သာ အတွင်း ပါလာသမျှ စာရွက်စာတမ်းများ ဆုတ်ဖြဲ လက်စဖျောက်ကာ ရူးချင် ယောင်ဆောင်လိုက်ကြခြင်းပင်။ ပြီးလျှင် လေဆိပ်ရဲထံ သွား သတင်းပို့ကြသည်။ ရဲက မေးမည်ပေါ့။ ဘယ်က လာသလဲ။ (မသိဘူး) ဘာလူမျိုးလဲ (ဗမာ)၊ ဘယ်သူက လွှတ်လိုက်သလဲ (မသိဘူး) ဘူး ဘူး … အဖမ်းခံရတော့မည့် အခြေအနေ ရောက်လျှင် နောက်ဆုံး တစ်ခွန်းတော့ ဖြေသည်။ မိမိမှာ ဗမာဖြစ်ကြောင်း၊ မိမိတိုင်းပြည်မှာ မိမိက ဟိုအရေး ဒီအရေးမှာ ဟိုဟာ ဒီဟာ တွေ ဟိုလို လုပ်ခဲ့တာကြောင့်၊ အခု ပြန်မရတော့ကြောင်း၊ ပြန်လျှင် အသတ် ခံရမည် ဖြစ်ကြောင်း … ကြောင်း .. ကြောင်း.. ။ စသည်ဖြင့် နတ်သံနှောက ငိုပြချွဲပြ ကြရ၏။ နောက်ဆုံး သနားတတ်သော အဖြူကောင်များက တရားရုံးပို့၊ ပြီးလျှင် အမှုစစ်၊ camp လိုနေရာ ခဏသွားနေ၊ အချိန်တန် နိုင်ငံရေး ခိုလှုံသူ ဖြစ်ကာ ဥရောပတိုက်သားကြီး ဖြစ်သွား ချေတော့သတည်း။ ဤသည်ကား တစ်ချိန်တုန်းက ဘရဏီခေါ် နန်းသန္တာမျိုး၏ အစွမ်း အစများ အကြောင်း ပြန်သတိရ နေခြင်းသာ။
ဘရဏီလို အမျိုးသမီးကား စွမ်း၏ဟု ဆိုသော် လွန်အံ့မထင်။ နောက်ပိုင်းမှာ ထိုင်းကနေ တင်ပေးရတာ သိပ်မလွယ်တော့ ပီကင်းတွေ၊ ကွာလာလမ်ပူတွေ လုပ်သေးသည်။ ဗီယက်နန်တောင် ပါသေး။ နောက်ဆုံး အချီကြီးကျတော့ အမေရိကားတဲ့။ တစ်ယောက် ဒေါ်လာ တစ်သောင်းယူပြီး စွန့်စား၏။ ကံက မလိုက်တော့။ ကွဲ၏။ အကြွေးတင်၏။ ထွက်ပြေး၏။ ပွဲစားကြီး ထွက်ပြေးတော့ ပွဲစားကြီး၏ ကြော်က တက်မှာလည်း မနေသာ၊ ရန်ကုန် တစ်ခေါက်ပြန်၏။ အကြောင်းကား ပတ်စပို့(စ်) အသစ် ပြန်လုပ်ရန်။ သူတို့အတွက် အင်မတန် လွယ်လှ ချေသည်။ ရန်ကုန်(ယခုနေပြည်တော်) လူကြီးမင်းများမှာ ဘရဏီ့ ခြေအောက် ပြားပြား မှောက်ကာ ပတ်(စ်)ပို့အသစ်၊ နာမည် အသစ်နှင့် လူအသစ် ပြန်ဖြစ်ချေတော့သည်။ အဲဒီအချိန်က ပတ်စပို့ သက်တမ်းတိုးဖို့ ဘတ်(၂၀၀၀) လောက်တောင် ပွဲစားကြီးခမြာ မထောက်ပံ့နိုင်၍ ဤကဲ့သို့ ပြည်တော် တစ်ခေါက်ပြန်ရခြင်း ဖြစ်သည်။ အဲဒီတုန်းမှာ ပွဲစားကြီးမတော့ သူကိုယ်တိုင်လည်း ပြေးရင်း၊ ရှောင်မလွတ်တဲ့ သူကို ကျတော့လည်း နိုင်သလောက် ပြန်လျော်ရင်း ရွာလည် နေသည်တဲ့လေ။ ကြားရ သည်ကတော့ ရန်ကုန်မယားကြီးအိမ်က မာစီဒီးကြီး ရောင်းလိုက်ရသည်တဲ့။ မလားရှေးမှာ ကုလားလေး လုပ်ပြီး စားပွဲထိုးနေရတဲ့ ကာစတမ်မာ တစ်ယောက်က သူ့ပြန်သနား နေသေးသည်။ ဟဲ ဟဲ ဟဲ။
ဒါပေမယ့် ဘရဏီတို့က စွမ်းပြန်သည်။ ဟိုက အသတ် ခံရမတတ် ရှောင်နေရချိန်မှာ သူကတော့ ဘန်ကောက် ဆာထုံအရပ်က မထင်မ ရှား တည်းခိုခန်း တစ်ခုမှာ မျက်မှန် ထူထူပိုင်ရှင် ယင်းတို့၏ ကာစတမ်မာ လူငယ်တစ်ယောက်နဲ့ "ဟ၀ှါ" ဖြစ်နေနိုင်သေး၏။ (မိတ်ဖြစ်၊ ဆွေဖြစ် ဟ၀ှါဖြစ်ပေါ့)။ အနှုးအနှပ်လည်း အင်မတန် ကျွမ်းကျင် ပေသည်။ အမည် နာမတို့ကား ထုတ်မပြောချင်တော့။ ယခုလောက်ဆို ကိုမျက်မှန်လည်း ထိုင်းငါးဖမ်း စက်လှေ တစ်စီး အပေါ် "နူ..စော..စမ်း..စီး .. " အော်ရင်း ပိုက်ဆွဲ နေရသည်လား၊ သို့တည်းမဟုတ် မလားရှေးမှာဘဲ ကုလားလေး သွားလုပ် နေရ လောက်ပြီလား မသိချေ။ နောက် ပိုင်းတော့ ဘရဏီတစ်ယောက် ရန်ကုန်ကနေ ဘန်ကောက် ပိုက်ဆံ လာလာဖြုန်းတတ်သော စူပါ မြန်မာအရာရှိ များအတွက် ဟိုဟို သည်သည် လိုက်ပို့ရသော Guide လုပ်ခဲ့သေးသည်။ သင့်ရင် သင့်သလို ဘန်ကောက်က စီးပွားရေး သမား ဗမာဘိုးဘိုးကြီးတွေနဲ့ ပရော ပရီ လုပ်ကာ ဘတ် တစ်ထောင်တန်သည်၊ နှစ်ထောင် တန်သည် ချူတတ်သေးသည်။ နောက်တော့ ဘဇာကြောင့်ရယ် မသိ။ တစ်စခန်း သိမ်းကာ ပျောက်ချင်းမလှ ပျောက်သွား ပြန်တော့သည်။ ယခုပေါ်လာတော့ အရင်နဲ့မတူ ဘ၀က ပြောင်းပြန် ဖြစ်နေချေတော့သည်။
ပေါ်လာပြန်တော့ ယခုနောက်ဆုံး စွမ်းချက် အတွက်လည်း အံ့ဘနန်း သြမိပြန်ပါတော့သည်။ DVB က လူကြီးမင်းတို့ တကယ်ပဲ မျက်စေ့ မှောက်သလား၊ မျက်စေ့ အလည် ယောင်ဆောင် တာလား၊ မျက်စေ့ဘဲ မှိတ်ထား လေသလား မပြောတတ်တော့။ ဒီမိုကရေစီအရေး မပြောနှင့်၊ လက်ရှိ စစ်အာဏာရှင်ကြီး နေနေတဲ့ နေရာတောင် ကွဲကွဲပြားပြား မသိ၊ သိအောင်လည်း ဘယ်တုန်းကမှ အားမထုတ်ခဲ့ဖူး။ အချိန်ရသရွေ့၊ အချောင်လိုက်၊ အလွယ်ရ နည်းလမ်းများ ကျင့်သုံး လာခဲ့သူက ယခုလို ယခုလို .. ဖန်သားပြင်ပေါ် ရင်တုန်စရာ လှိုင်းထက်မှာ စီးမိသလို အဆင်ပုံပမာ နှိုင်းရက်စရာ မရှိတဲ့ တင်အုံမာ အရိုင်းကို သွက်သွက်ခါအောင် ပြပြီး (အခုတော့ မခါပြသေးပါဘူး၊ အကိုရေ.. မောင်ရေ .. ခေါ်စပဲရှိသေး၏) “မျိုး” တဖြစ်လဲ ဘရဏီ တစ်ယောက် .. တစ်ယောက် … .. မဟုတ်တာတွေ ဆက် မလုပ်မိ ပါစေနဲ့ လို့ ရင်တွင်းက ဆုတောင်း ရမလို ရှိတော့သည်။ သူများကားမသိ၊ စာရေးသူကား ခံတွင်း ချဉ်သလိုလို၊ နှာချေချင်သလိုလို ဖြစ်ကာ ဆိုလက်စ တေးသွားလေးကိုဘဲ ယောင်ရမ်းပြီး တဖန် ဆိုညည်းနေမိပြန်သည်။
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "
" မေဘရဏီလို .. ဒီဗွီဘီတောင် လက်မှိုင်ချရသကိုး မမမျိုး .. အိုး .. ဟိုး .. မမမျိုး .. "
.. ........... ................. ...... ................. ............. ...................... .........
သီချင်းလေး တစ်ပိုင်းတစ်စ ညည်းအပြီး မတော့ နောက်အတွေးတစ်ခု ၀င်လာပြန်၏။ သို့ဖြင့် စက်ပိတ်ပြီး အိပ်ယာဝင်ဖို့ ပြင်ရ လေတော့ သည်။ အမှန်တော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် ကျရာ နေရာကနေ တာဝန် ထမ်းဆောင်တဲ့ အခါမှာ ပညာတတ်သည် မတတ် သည် ထားဦး၊ ရှစ်လေးလုံးနှင့် အခြား အထင်ကရ အရေးတော်ပုံ များမှာ မပါဝင် ခဲ့ဖူးသည် ထားဦး၊ နောက်ဆုံး စစ်အစိုးရ ထောင်ထဲမှာ နှစ်ရှည် လများ မနေခဲ့ရသည်လည်း ထားလိုက်ဦး။ အရေးကြီးသည်မှာ ယုံကြည်ချက်နှင့် ခံယူချက် ဖြစ်၏။ အခွင့်အရေး ရတုန်း လိမ်စား လိုက်၊ နအဖဘက်က သူဌေးများ လာလျှင် ရသလောက် နှိုက်လိုက်၊ အဆင် မပြေတော့သော အချိန်တွင် ဒီမိုကရေစီဘက် ပြေးကပ် လိုက်ဖြင့် ဦးတည်ချက်၊ ယုံကြည်ချက် ပြတ်သား ထင်ရှားစွာ စွဲကိုင်ထားခြင်း မရှိပဲ အတိုက်အခံ မီဒီယာအတွင်း ကလေးလေး စာရွတ် ပြနေသလို သူ့တွေ့ရသည်မှာ အကြောင်း မသိသူများ အတွက် မသိသာ သော်လည်း အကြောင်း သိပြီးသား ကက်စတမ်မာ အဟောင်း တစ်ဦး အနေဖြင့် ဒီမိုကရေစီ အရေး ဆိုသည်ကို တွေးတွေးပြီး ရင်နင့်မိ၏။ လမ်းဘေး အကြော်ရောင်းသော အဘွားကြီးပင် ယုံကြည် ချက်၊ ဦးတည်ချက် ပြတ်သားခိုင်မာပါက စာရေးသူ တန်ဘိုးထား လေးစားမိမည်ဖြစ်၏။ ယုံကြည်ချက်၊ ဦးတည်ချက် ပြတ်သား ထင်ရှား ပါက မည်သူမဆို မိမိတာဝန်ကို မိမိအောင်မြင်စွာ ထမ်းဆောင် နိုင်မည်ဟုလည်း ယုံကြည်၏။ ယခုမြင်တွေ့ နေရသည့် ပုံစံကြီးဖြင့်တော့ လွဲမနေသင့်။
အတွေးများက မဆုံးနိုင်ချေ။ လူငယ့် အတွေး၊ လူငယ့်အရေး၊ ပျိုမြစ် တက်ကြွဟု ကြွေးကြော်ထားသော ဤကဏ္ဍကို ကြည့်မိပြီး မြင်မိ သည်ကို ပြောရလျှင် အကြောင်းအရာ ခေါင်းစဉ်နှင့် ပါဝင်လှုပ်ရှားသူ တစ်ဦးမှာ ကြွေးကြော်သံနှင့် လုံးဝ မလိုက်ဖက်ဘဲ တစ်ခုမက လွဲချော်နေခြင်းပင်။ အခက်ဆုံးက သူမအတွက် မပျိုမြစ်တော့ပါ။ “ပျို” လည်း မဟုတ်ချေတော့။ ယရစ်နှင့် ပြိုပြီးသား ဖြစ်သည်။ သို့သော် ယင်း “ပြို” ကား အရေးကြီးသော အချက်မဟုတ်။ အရေးကြီးသည်ဟု ထင်ရသော အလွဲတကာ့ အလွဲချော်ဆုံး အချက်မှာ အစစ်အမှန် မီဒီယာသမား တွေ အကြား ဘရဏီမျိုးလေးလို ခံယူချက် မရှိ၊ ယုံကြည်ချက် နတ္ထိ၊ ဦးတည်ချက် မသိသော၊ သာမည်ထင်က အဆင်ပြေ သလို နေရာ ရှာကာ၊ ဂွင်ဖန် လုပ်ကြံ ဇာတ်လမ်းဆင် ကတတ်သော ဘန်ကောက် ညသူဇာ၊ ပန်ကာ့ ဘွားအေလို အရေခြုံများကြောင့် ဆွမ်းဆန်ထဲမယ် ခွေးချေး ၀င်ရောမိသလို ဖြစ်နေပေတော့သည်ဟု မီဒီယာ တစ်ခု၏ မတော်မတည့် ဖြစ်နေသည်များကို တွေးမိရင်း လအော်လအဲ့ တစ်ယောက် တရှူးရှူး အိပ်မော ကျသွားလေတော့သတည်း။
Posted by
မစ်ချတာ လအော်လအဲ့
@
Tuesday, December 02, 2008
12
comments
Labels: သူ့အမြင်, သုံးသပ်ချက်, အတွေးစာ
Tuesday, October 28, 2008
ခေါင်းဆောင်ကောင်း ဆိုတာ
စစ်နည်းဗျုဟာ ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး ၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓါးသွးလည်းကြွေ၊ လှံလည်းခွေအံ ။
(လက်ဝဲသုန္ဒရ ၊ နန္ဒိသေနပျို့မှ )
ခေါင်းဆောင်ကောင်း ဆိုတာကို ဘယ်နေရမှာပဲဖြစ်ဖြစ် အကောင်းဆုံး ရွေးချယ်နိုင်ဖို့ အတွက် အရေးကြီးဆုံးဟာ ရွေးချယ်တတ်ဖို့သာ ဖြစ်ပါတယ် ။
ရွေးချယ်တဲ့နေရာမှ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်မလဲ။ ဘာကို ဦးစားပေးမလဲ ။ သူ့ရဲ့ လုပ်ရည် ကိုင်ရည်လား...။ သူ့ရဲ့ချမ်းသာမှု ကိုလား ၊သူ့ရဲ့ ကိုယ်ကျင့်တရားကိုလား ။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ရွေး ချယ်ရာမှာ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီလို ထောက်ပြခဲ့ပါတယ် ....
"ရပ်ကွက် ညီလာခံတွေ လုပ်တဲ့ အခါ အကျင့်စာရိတ္တ ကောင်းတဲ့လူကို ရွေးချယ်ပါ ၊
ပညာ အမြော်အမြင် ရှိတဲ့လူကို ရွေးချယ်ပါ ။ အကျင့်စာရိတ္တ နဲ့ ပညာ အမြော်အမြင်
နှစ်ခုအကြားမှာ ရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်မကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်
အကျင့်စာရိတ္တကောင်းသူကို ရွေးကြပါ "
အဖွဲ့ချုပ်ရုံး ( ကျုံမငေး ) ၁၅.၁.၈၉
ကျွန်တော်တို့ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဟာ နယ်ချဲ့ကိုလိုနီတွေဆီက လွတ်လပ်ရေးကို ယူခဲ့တာဟာ ရိုးသားဖြောင့်မတ် မှုနဲ့အတူ ပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်မှုနဲ့ ရယူခဲ့ခြင်းသာဖြစ်ပါတယ ။ နိုင်ငံရေး လောကမှာ အဓိက အကျဆုံးက အကျင့်စာရိတ္တသာ ဖြစ်ပါတယ် ။ အကျင့်စာရိတ္တ မကောင်းတဲ့သူဟာ ခေါင်းဆောင်ကောင်း မဟုတ်သလို လိုအပ်လာရင် ဇတ်တူသားစားဖို့လည်း ဝန်မလေး ကြသူတွေသာ ဖြစ်ပါတယ် ။ ဒီခေါင်းဆောင် မျိုးတွေဟာနောက်ဆုံးတော့လည်း ကျဆုံးရတာ ချည်းပါပဲ ။မြန်မာ ဗုဒ္ဓတရားတော် ရဲ့ ဇတ်တော် တွေထဲမှာ ဇတ်တူသားစားလို့ ဟင်္သာ ကိုးသောင်းပျက်ခဲ့ရသလို ၊ ပေါရိသာဒ ကလဲ ဇတ်တူသား စားလို့.....ထီးနန်းစွန့်ခဲ့ ရတာလည်း အားလုံးအသိ ဖြစ်ပါတယ်......။
" ဘယ်စနစ်မျိုးမဆို အောင်မြင်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းလည်းရှိရမယ်
နောက်လိုက်ကောင်းလည်း ရှိရမယ် အဲ့ဒီတော့ နောက်လိုက်ကောင်း တယောက်ရဲ့
အရည်အချင်းဟာ ဘာလဲဆိုရင် အရေးကြီးဆုံး ကတော့ ခေါင်းဆောင်ကောင်းများ
ဖော်ထုတ်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ချုပ်ရုံး (တောင်ကြီး) ၁၃.၂.၈၉
Posted by
မောင်ပုည
@
Tuesday, October 28, 2008
0
comments
Monday, September 8, 2008
မာယာပြပွဲ
အနက်ရှိုင်းဆုံး ဓါးတစ်ချောင်းနဲ့
ဘဝတစ်ဆုံး
လက်ကုန်ထိုးချလိုက်တယ်
ကြီးကြီး ကျယ်ကျယ် ပြောပြီး
အိပ်မက်ဟောင်း တစ်ခုကို
ဖုန်ခါ၊ ပေါ်လစ်သုတ်
အစွံ ထုတ်ချင်တဲ့
အရောင်း ဈေးသည်လို
အတွေးအခေါ်မျိုးနဲ့ကောင်
လူစည်ပြီ ဆိုရင်
ဘင်ကလေး ထုတ်တီးပြီး
ပခြုပ်ထဲက အဆိပ်မရှိတဲ့မြွေကို
အလမ္ပါယ်ပြ
ငါကွ လို့ကြွေးကြော်တတ်တဲ့ကောင်
မင်းတို့ နင်းဘို့လမ်းကို
ငါ့နှလုံးသားနဲ့ ခင်းထားပါတယ်တဲ့
အစရှိတဲ့
စကားလုံး တွေနဲ့ကစား
ဘုရားတောင်
မှန်မှန် မရှိခိုးတတ်တဲ့ကောင်
မရဲပဲနဲ့ ကျွဲပြဲကလည်း စီးချင်သေး
ကံဇာတာဂြိုလ် မစီးပဲနဲ့တောင်
ကိုယ်အမြီးကို လန့်ပြီးခုန်နေတတ်တဲ့ကောင်
ချစ်သော မိတ်ဆွေများ ခင်ဗျာ
ကမ္ဘာမြေကြီးက သီးပွင့်သမျှအထဲ
ပဒိုင်းသီး တွေလဲ ပါခဲ့တာပဲ
မောင်ဖုန်းမြင့် ကိုယ်တိုင်ကလည်း
ပဒိုင်းသီးခပ်ကြီးကြီးတစ်လုံးဖြစ်တယ်
ရွေးချယ်မှုမှန်ကန်ဘို့ဆိုတာ
တံခါးတွေကို တွန်းဖွင့်ပစ်လိုက်ရုံပါပဲ
အထက်မြက်ဆုံး ဓါးတစ်ချောင်းဖြစ်ဖို့
သင်ကိုယ်တိုင်သွေးဖို့လိုတယ်
ဓါးသွားပေါ်က
ပျားရည်စက်တွေကိုတော့
မတပ်မက်မိလိုက်စေနဲ့။ ။
မောင်ဖုန်းမြင့်ထံမှ ကူးယူဖေါ်ပြပါသည်။
Posted by
Paradise of Fighting Peacocks
@
Monday, September 08, 2008
2
comments
Labels: ကဗျာအတွေး












